ကျွန်တော်တို့တွေဟာ စမတ်ဖုန်း တစ်လုံးကို ပြီးပြည့်စုံအောင် အသုံးပြုချင်ကြသူတွေပါ။ ဥပမာအနေနဲ့ ပြောရရင် Facebook Account နှစ်ခုကို ဖုန်းတစ်လုံးတည်းမှာတင် ပြိုင်တူ အသုံးပြုချင်တာတွေ၊ COC အကောင့် နှစ်ခုကို စမတ်ဖုန်း တစ်လုံးတည်းမှာတင် ပြိုင်တူ အသုံးပြုချင်တာတွေ၊ အခြား မြောက်မြားလှစွာသော Social Application တွေကို ပြိုင်တူ အသုံးပြုချင်တာတွေ စတဲ့ ပြိုင်တူ လုပ်ချင်တာတွေများကြပါတယ်။ အဓိကအားဖြင့်တော့ Facebook နဲ့ COC ပေါ့။ အခုဆိုရင်တော့ အဆိုပါ အဆင်မပြေမှုတွေကို အဆင်ပြေစေမဲ့ Android Application လေးတစ်ခု ထွက်ပေါ်လာပါပြီ။ Application လေးရဲ့ နာမည်ကတော့ Parallel Space လို့ခေါ်ပါတယ်။
ဒီ application လေးရဲ့ အားသာချက်ကတော့ Network တစ်ခုတည်းရဲ့ အောက်မှာ တစ်ချိန်တည်း Account တွေ မြောက်မြားစွာကို စိတ်ကြိုက် အသုံးပြုနိုင်ပါတယ်။ အထူးသဖြင့် ဂိမ်းသမားတွေအတွက် စိတ်ကြိုက်ဖြစ်စေမှာဖြစ်ပြီး Application တွေအကုန်လုံးနီးပါးကို ပြိုင်တူ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် ကြိုက်နှစ်သက်တဲ့ Application တွေကိုလည်း Parallel Space ဆိုတဲ့ Application လေးထဲမှာ ထည့်သွင်းသိမ်းထားလို့ရပါသေးတယ်။
သတိပြုထားရမဲ့ အချက်တွေအနေနဲ့ကတော့ မိုဘိုင်းဖုန်းရဲ့ Permission လိုအပ်တဲ့ ကိစ္စတွေကို သတိထားရပါတယ်။ နောက်တစ်ခုက Application နှစ်ခုကို ပြိုင်တူ သုံးနေရတာဖြစ်တဲ့အတွက် Storage ပြဿနာတွေရှိလာနိုင်ပါတယ်။ Task manager လို App မျိုးတွေအသုံးပြုပြီး သေချာ စီမံရင်တော့ အဆင်ပြေပါတယ်။ ဒါ့အပြင် လက်ရှိအသုံးပြုနေတဲ့ ဖုန်းနံပါတ်နဲ့ ဖွင့်ထားတဲ့ Account နှစ်မျိုးဆိုရင် အသုံးပြုလို့မရနိုင်ပါဘူး။ အသုံးပြုလိုသူများအနေနဲ့ အောက်က Link မှာ ဝင်ရောက် Download ပြုလုပ်နိုင်ပါတယ်။
![Parallel Space-Multi Accounts poster](https://image.winudf.com/1199/01fe64a8c12b0273/screen-0=x355.jpg)

![Parallel Space-Multi Accounts apk screenshot](https://image.winudf.com/1/01fe64a98a9da013/screen-1=x355.jpg)
Ref: myanmarmobileapp
Post a Comment