Android ဖုန်းတွေမှာ သီချင်းဖွင့်နားထောင်လို့ အသံတိုးနေတယ်ဆိုရင် Sensor Music Player လေးကို သုံးကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။ ရိုးရိုး Player နဲ့ ဖွင့်တာထက် အသံနှစ်ဆ ပိုကျယ်တဲ့အပြင်သီချင်းဖွင့်ထား တဲ့အချိန် နောက်တစ်ပုဒ်ကို ကျော်ချင်ရင် ခလုတ်တွေ လိုက်နှိပ်စရာမလိုပဲ ဖုန်း Screen ပေါ်ကို လက်ကလေးဝှေ့ လိုက်တာနဲ့ ပြောင်းတာ၊ ဖုန်းကို ဘောင်းဘီ အိတ်ထဲ ထည့်ထားရင်းပုတ်လိုက် တာနဲ့ပြောင်းတာ၊ စားပွဲပေါ် တင်ထားရင်း တစ်ချက်ထုလိုက်တာနဲ့ နောက်တစ်ပုဒ် ပြောင်းတာတွေပါ ပါဝင်ပါတယ်။

အသံ ၂ ဆ ကျယ်ဖို့ကတော့ အပေါ်ဆုံးက ပုံလေးရဲ့ ညာဘက်အစွန်က ဝိုင်းပြထားတာလေးကို နှိပ်ပြီး
အပေါ်ကို ဆွဲတင်လိုက်ရုံပါပဲ။ သီချင်းကို နားထောင်ကြည့်ပြီး အဆင်ပြေသလို ရွှေ့လိုက်ပေါ့နော်..။

Player ကို ဖွင့်ပြီးတော့ LIBRARY ကို နှိပ်ကာ ကိုယ် နားထောင်ချင်တာကို ရွေးဖွင့်နိုင်ပါတယ်။

အသံ ၂ ဆ ကျယ်ဖို့ကတော့ အပေါ်ဆုံးက ပုံလေးရဲ့ ညာဘက်အစွန်က ဝိုင်းပြထားတာလေးကို နှိပ်ပြီး
အပေါ်ကို ဆွဲတင်လိုက်ရုံပါပဲ။ သီချင်းကို နားထောင်ကြည့်ပြီး အဆင်ပြေသလို ရွှေ့လိုက်ပေါ့နော်..။

သုံးကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းယူသွားနိုင်ပါတယ်.....။
Download = Sensor music player .apk
Post a Comment