ကျွန်တော့်အနေနဲ့ ဖိုင်တစ်ခုခုကို Upload တင်တော့မယ်ဆိုရင် ကိုယ်တင်ထားတဲ့ ဖိုင်လေးတွေ ရေရှည် ခံမှာလား၊ စိတ်ချရလား၊ ကိုယ် Upload တင်ရတာနဲ့ ဒေါင်းယူမယ့်လူတွေအတွက်ရော အားလုံး လွယ်ကူ အဆင်ပြေမှာလားဆိုတာ အမြဲစဉ်းစားပါတယ်။ ဟိုအရင်တုန်းက ကျွန်တော် Mediafire ဆိုဒ်ကို သုံးခဲ့တယ်။ နောက်ပိုင်း Copyright ငြိတာတွေနဲ့ ခဏခဏ ဖိုင်တွေ အဖျက်ခံရတယ်။
ဥပမာ ဆော့ဝဲလ်တစ်ခုကို မူရင်းဆိုဒ်က ရောင်းစားတယ်။ အဲဒါကို ကိုယ်က Patch ဖိုင်တွေနဲ့ တင်တာ၊ Portable လုပ်ပြီး တင်တာတို့ဆို ဖျက်ပါတယ်။ တစ်ခြားဖိုင်တွေဆိုလည်း တစ်နှစ်လောက် ပီးရင် ဖျက်ပစ်တာပါပဲ။ ဒါက Mediafire ဆိုဒ်တင် မဟုတ်ပါဘူး။ Free File Hosting တိုင်းလိုလိုပဲ လုပ်နေကြတာ။ နောက် Flash Song တွေ Upload တင် [ လင့်ချိတ် ] တဲ့ သူငယ်ချင်းတွေ အများစုက Ning ဆိုဒ်တွေမှာပဲ သွားပြီး လုပ်နေကြတာပါ။
ခုနောက်ပိုင်း Ning ဆိုဒ်တွေဆို အများကြီးကို ပေါ်လာနေပါတယ်။ လင့်ချိတ်တဲ့လူတွေကလည်း အလွယ်တစ်ကူပါပဲ။ နောက် အဲဒီဆိုဒ်က အကြောင်းအမျိုးမျိုးကြောင့် ဆိုဒ်ပျက်သွားခဲ့ရင် ကိုယ်တင်ထားတဲ့ လင့်တွေက အလုပ် မလုပ်တော့ပါဘူး။ ပြီးတော့ ကိုယ် အဲဒီဆိုဒ်ကို မဝင်ချင်တော့လို့ အပြီးထွက်ရင်လည်း လင့်တွေ ပျက်ပါတယ်။
Google Drive မှာ ကျွန်တော်တို့ Blogger တွေ၊ Flash Song Creator တွေအားလုံး အတွက် ဆော့ဝဲလ်တွေနဲ့ ဖလပ်သီချင်းတွေ Mp3 သီချင်းတွေ၊ ပုံတွေ၊ PDF ဖိုင်တွေ နဲ့ တစ်ခြား ဖိုင်တွေအားလုံးကို အွန်လိုင်းပေါ်မှာတင် သိမ်းဆည်းပြီး ပြန်လည်မျှဝေဖို့ကို သင့်အနေနဲ့ Gmail အကောင့် တစ်ခု ရှိရုံနဲ့ 15 GB အထိ Upload လုပ်နိုင်ပါတယ်။
.zip .rar နဲ့ ချုံ့ထားတဲ့ ဖိုင်တွေဆိုရင် လင့်ကို တစ်ချက်နှိပ်လိုက်ရုံနဲ့ ဒေါင်းလုပ်ကျပြီး Flash Song တွေရင်လည်း လိုင်းပေါ်မှာတင် နားထောင်လို့ရပါတယ်။ Download အတွက် ပေးချင်တယ် ဆိုရင်လည်း လင့်တစ်ခုနဲ့တင် ရပါပြီ။ MP3 သီချင်းတွေဆိုရင်လည်း ဒေါင်းလုပ်ပေးလို့ရတယ်။ Flash Mp3 Player တွေနဲ့ ကုတ်ထည့်ပြီး တင်လို့ရတယ်။
ကိုယ့်ဝဘ်ဆိုဒ်မှာ အသုံးပြုဖို့ .css , .js ဖိုင်တွေကိုလည်း ကုတ်နဲ့ထည့်ပြီး သုံးလို့ရတယ်။ html ဖိုင်တွေကိုလည်း လိုင်းပေါ်မှာတင် ကြည့်လို့ရပါတယ်။ ဒီတော့ ကျွန်တော်တို့အတွက် Google Drive ထက်ကောင်းတာ ဘာရှိဦးမလဲ။ Google Drive ဆိုတာ www.google.com ကို သွားလိုက်ရင် Gmail ရဲ့ ညာဘက်မှာ ရှိပါတယ်။

ကျွန်တော်တို့
လိုချင်တာတွေ ရှာဖို့ Search , Images ရှိတယ်။ ဖုန်းမှာ သုံးဖို့
ဆော့ဝဲလ်တွေ ဂိမ်းတွေ ဒေါင်းဖို့က Play ရှိတယ်။ Video ဖိုင်တွေ
ကြည့်ချင်ရင် YouTube သွားပေါ့။ Gmail ဆိုတာကတော့ အထူးမိတ်ဆက်ပေးစရာမလိုဘူး
ထင်တာပဲ။
လူတိုင်းမှာ
Gmail အကောင့် ၁ ကတော့ အနည်းဆုံးရှိတာပဲလေ.. Google ဆိုတာ ကျွန်တော်တို့
အတွက် အွန်လိုင်းပေါ်မှာ လိုအပ်တာတွေ အားလုံးကို ဖြည့်ဆည်းပေးနေတဲ့
ကမ္ဘာကျော် ဝဘ်ဆိုဒ်ပါ။ အဲဒီတော့ သင်ယုံကြည် စိတ်ချစွာနဲ့ Google Drive ကို
အသုံးပြုနိုင်ပါတယ်။
ဖိုင်တွေကို
Upload တင်မယ်ဆိုရင် ပထမဦးဆုံး ဒီကနေ သွားပြီး သင့် Gmail အကောင့်နဲ့
Sign In လုပ်ပါ။ အဲဒါဆို ဒီစာမျက်နှာကို ရောက်လာပါလိမ့်မယ်။ ဖိုင်တွေကို
Folder တစ်ခုစီ လုပ်ထားတာ ပိုကောင်းပါတယ်။ ပြီးရင် ဆော့ဝဲလ် ဒါမှ မဟုတ်
Flash Song ၊ ကိုယ်တင်ချင်တာကို Upload တင်ပါ။

ကိုယ် Upload တင်ထားတဲ့ ဖိုင်တွေကို ရှယ်တဲ့ နေရာမှာ ကိုယ်ကဖိုင်တွေကို တစ်ခုချင်းစီ ရှယ်မယ်ဆို လည်း ရပါတယ်။

Folder
တစ်ခုလုံး ရှယ်ချင်တယ်ဆိုလည်း ရပါတယ်။ ကျွန်တော်ကတော့ Folder တစ်ခုလုံး
ရှယ်ပါတယ်။ အဲဒါက ကိုယ့်အတွက်ရော ဒေါင်းတဲ့သူ အတွက်ပါ ကောင်းပါတယ်။ ဒါကတော့
ကိုယ့်စိတ် သဘော အတိုင်းပေါ့နော်..

ခုလိုမျိုးပေါ်လာပြီဆိုရင် Change... ကို နှိပ်ပါ။

အပေါ်ဆုံးက Public on the web ကို ရွေးပြီး Save လုပ်လိုက်ပါ။

အနီရောင်နဲ့ ဝိုင်းပြထားတဲ့ လင့်ကို ကော်ပီ ယူလိုက်ပါ။

ဒါက Flash Songs Folder တစ်ခုလုံး ရှယ်ထားတဲ့လင့်ပါ။
https://drive.google.com/folderview?id=0B2_DQmuprDoidnJiOWo4NGs1SzQ&usp=sharing
ဒါကFlash Song တစ်ပုဒ်ပဲ ရှယ်ပေးထားတာပါ။
https://docs.google.com/file/d/0B2_DQmuprDoiUHVubW9LSWtJNE0/edit?usp=sharing
အနီရောင်နဲ့ ပြထားတာက ရှယ်ထားတဲ့ ဖိုင်ရဲ့ id ပါပဲ..။ လင့်ကို အောက်ပါ အတိုင်း ပြောင်းလိုက်ပါ။
https://googledrive.com/host/ဒီနေရာမှာ ဖိုင် id ထည့်ပါ...
ကျွန်တော် အောက်မှာ လုပ်ပြထားပါတယ်။
https://drive.google.com/folderview?id=0B2_DQmuprDoidnJiOWo4NGs1SzQ&usp=sharing
https://googledrive.com/host/0B2_DQmuprDoidnJiOWo4NGs1SzQ
-------------------------------------------------------------------------------------------------------
https://docs.google.com/file/d/0B2_DQmuprDoiUHVubW9LSWtJNE0/edit?usp=sharing
https://googledrive.com/host/0B2_DQmuprDoiUHVubW9LSWtJNE0
ဒီနည်းအတိုင်း
ဖိုင်ကို လင့်ပြောင်းလိုက်ရင် .zip .rar နဲ့ ချုပ်ထားတဲ့ ဖိုင်ဆိုရင်
တစ်ခါတည်း ဒေါင်းလုပ် ကျပါတယ်။ Flash Song ဆိုရင် လိုင်းပေါ်မှာတင်
နားထောင်လို့ ရတယ်။ မူရင်းလင့်ကို ဒေါင်းလုပ်ပေး မယ်ဆို တစ်ချက်ခုတ်၊
နှစ်ချက်ပြတ် လင့်တစ်ခု တည်းနဲ့တင် တော်တော် အဆင်ပြေနေပါပြီ။
Upload
တင်ထားတဲ့ ဖိုင်တွေကို ရှယ်တဲ့နေရာမှာ ဖိုင် တစ်ခုစီရှယ်မယ်ဆိုရင်
အချိန်အများကြီးပေးရ ပါလိမ့်မယ်။ ဒါ့ကြောင့် Folder တစ်ခုလုံးကို
ရှယ်လိုက်ပြီး လင့်ကို ဖွင့်လိုက်။ ကိုယ်တင်ပေးချင်တာကို Right Click
>> Copy Link Loction လုပ်ပြီးတော့ တင်လိုက်ရုံပါပဲ....။

ကျွန်တော် Google Drive က တင်ထားတာလေးတွေကိုတော့ အောက်မှာ လင့်ပေးထားပါတယ်။
Software >> https://googledrive.com/host/0B-qdXDrTpme3c3N1cG1oNENFSU0/
Flash Songs >> https://googledrive.com/host/0B-qdXDrTpme3SFhfUExZRkttWGc/
Software >> https://googledrive.com/host/0B-qdXDrTpme3c3N1cG1oNENFSU0/
Flash Songs >> https://googledrive.com/host/0B-qdXDrTpme3SFhfUExZRkttWGc/
Andriod Apk >> https://googledrive.com/host/0B-qdXDrTpme3SXdtdE5MczFNSTQ/
သူငယ်ချင်းများ အားလုံးပဲ အစစ အရာရာ အဆင်ပြေပြီး ပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးပါတယ်....။
Creadit ~ သူရိန်လင်း
Post a Comment