ဒီနေ့ Facebook System အားလုံးကို Myanmar Lunguage ပြောင်းနည်းလေးရေးတင်လိုက်ပါတယ်။ ဒီနည်းကို ရေးတင်ရခြင်း ရည်ရွယ်ချက်မှာ မသိသေးသူတွေအတွက် ပညာတခု တိုးပွားစေချင် တာပါ။ မြန်မာစာနဲ့ ဆိုတော့ Facebook Setting တခုလုံးကို လိုသလို စိတ်ကြိုက် နားလည် စွာ မွှေနှောက် နိုင်မှာ ဖြစ်ပါတယ်။
တခုရှိတာက Facebook Myanmar Lunguage က Zawgyi.one ဖောင့်နဲ့ မကိုက်ညီတာ ပြဿနာ။ Myanmar3.ttf ဖောင့်မှ မြန်မာလိုကောင်းစွာမြင်ရမှာပါ။ ပြီးတော့ Myanmar3.ttf သုံးနေရင်လည်း Zawgyi.one ဖောင့် ကို ကြည့် လို့ မရပြန်ဘူး။ အဲတာပြသနာ သူငယ်ချင်းတို့ရေ။ အဲတာကြောင့် ဒီနည်းလေး အတိုင်း လုပ်ပြီး Facebook Setting ကို မြန်မာစာနဲ့ ဝင်မွှေနှောက်၊ ပြီးရင် Lunguage English ပြန်ပြောင်းပြီး Zawgyi.one နဲ့ပြန်သုံးပေါ့။
အခုကျနော်ရေးတင်ပေးတာလည်း မသိသေးသူတွေ အတွက် ပညာတခု တိုးပွားစေချင်တဲ့ သဘောပါ။ စမ်းကြည့်မှ တတ်မှာပါ။ ဒါကြောင့် စမ်းသပ်ချင်ရင် အောက်မှာ ပုံနှင့်တကွ ကျနော်ရေးပြတဲ့ အတိုင်း လုပ်စမ်းကြည့်လိုက်ပါ။ အရင်ဆုံး Myanmar3.ttf ဖောင့်ကို ဒီလင့္မွာ ဒေါင်းလိုက်ပါ။ ပြီးရင် Facebook ရဲ့ ဒီလင့်ကို ၀င်လိုက်ပါ အောက်ကပုံလို မြင်ရပါမယ်။
ပြီးရင် ပုံမှာပြထားတဲ့အတိုင်း Lunguage ကို Edit ထဲဝင်ပြီး English (UK) နေရာမှာ မြန်မာဘာသာ ကိုပြောင်းပေးပါ။ ပြီးရင်တော့ Save Change ကို ကလစ်လိုက်ပါ။ အောက်ကပုံလို မြင်ရပါမယ်။
အားလုံးကို Zawgyi.one နဲ့ ကိုက်ညီအောင် ပြောင်းရဖို့ကတော့ မရပါဘူးနော်။ ကျနော်က Facebook Developer မဟုတ်တော့ သူပေးတာကိုပဲ အဆင်ပြေအောင် ညှိ တတ်အောင် နည်းရေးတင်ပေးတဲ့ သဘောပါ။ ဒီလောက်ဆို မသိသေးတဲ့ သူငယ်ချင်းတွေ အားလုံး ရှင်းလင်း သဘောပေါက်လိမ့် မယ်ထင်ပါတယ်။

အဲတာဆိုရင်တော့
မြန်မာစာတော့ ရပါပြီ။ မြန်မာစာ အမှန်မြင်ရဖို့ကတော့ ခုနက ဒေါင်းထားတဲ့
Myanmar3.ttf ကို Install ပါ။ တကယ်လို့ Window XP မှာဆိုရင်တော့
Myanmar3.ttf ကို ကော်ပီပြီး Control Panel ထဲဝင်ပြီး Font ထဲမှာ Paste
ချလိုက်ရင်လည်း အဆင်ပြေပါတယ်။ ပြီးရင် မြန်မာလို အားလုံးမြင်ရဖို့ကတော့
မော်ဇီလာမှာ Myanmar3.ttf ကို ပြောင်းပေးရမှာဖြစ်ပါတယ်။
ပြောင်းနည်းတော့ ဒီလင့်မှာ
ဝင်ကြည့်လိုက်ပါ။ ကျနော် Zawgyi.one ပြောင်းနည်းပဲရေးထားပါယ်။ အဲဒီ
အတိုင်း ပဲ လုပ်ရမှာပါ။ Zawgyi.one နေရာမှာ Myanmar3.ttf ကို
အစားထိုးပြောင်း ထည့်ပေါ့။ ပြီးရင်တော့ အောက်ကပုံလို သင့် Facebook
အကောင့်ဟာ မြန်မာလို ကောင်းစွာမြင်နိုင်ပါပြီ။
ပြဿနာက
Zawgyi.one နဲ့ Myanmar3 ဖောင့်က မတည့်ပြန်ဘူး။ ဒါကြောင့် မြန်မာတွေ
zawgyi.one နဲ့ ရေးတဲ့စာကို အမှန်မမြင်ရပြန်ဘူး။ Facebook Setting
လောက်ကိုပဲ မိမိစိတ်တိုင်းကျ နားလည်အောင် ၀င်မွှေ နှောက်ပြီးရင် Lunguage
English ပြန်ပြောင်းပေါ့။ ဒီလင့်ထဲ ၀င်ပြီး ပြန်ပြောင်း လိုက်လို့ ရပါ တယ်။ မော်ဇီလာ ဖောင့်ကိုလည်း Zawgyi.one ပြန်ပြောင်းပေါ့။
အားလုံးကို Zawgyi.one နဲ့ ကိုက်ညီအောင် ပြောင်းရဖို့ကတော့ မရပါဘူးနော်။ ကျနော်က Facebook Developer မဟုတ်တော့ သူပေးတာကိုပဲ အဆင်ပြေအောင် ညှိ တတ်အောင် နည်းရေးတင်ပေးတဲ့ သဘောပါ။ ဒီလောက်ဆို မသိသေးတဲ့ သူငယ်ချင်းတွေ အားလုံး ရှင်းလင်း သဘောပေါက်လိမ့် မယ်ထင်ပါတယ်။
အားလုံးအဆင်ပြေပါစေ.......။
Post a Comment