လူတိုင်း ကွန်ပြူတာ သုံးတာ ကြာလာရင် မျက်လုံးအောင့်လာတာ မျက်ရည်ကျလာတာတွေ ဖြစ်လာရင် ဒီဆော့ဝဲလ် လေး သုံးစမ်းကြည့်ပါ။



ကွန်ပြူတာသုံးတာ ကြာလာရင် မျက်လုံးက အောင့်လာတာ မျက်ရေကျလာတာ ဖြစ်တတ်ကြပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဖြစ်ပါတယ်။ အခု f.lux လေးကိုသုံးစမ်းကြည့်လိုက်ပါ။ နေအလင်းရောင် နှင့် လိုက်ဖက်တဲ့ အရောင် ကို f.lux က သူ့အလိုလို ပြောင်းပေးမှာဖြစ်ပါတယ်။ တကယ် ကို ကောင်း တဲ့ ဆော့ဝဲလ်လေးပါ။

ဥပမာ ညနေပိုင်းဆိုရင် နီဝါရောင်လေး, မနက်ပိုင်းဆိုရင် စိမ်းဝါ ရောင်လိုလို သူ့အလို လိုပြောင်းပေး ပါတယ်။ ကျနော် ဒီဆော့ဝဲလေးသုံးပြီးကတည်းက မျက်လုံး က အောင့် တာ မျက်ရည်ကျတာတွေ သက်သာသွားပါတယ်။ ၂၄ နာရီ နေရောင် အလိုက် မျက်လုံးမထိခိုက်အောင် ကွန်ပြူတာ မျက်နှာပြင် အလင်းရောင်တွေ အလိုလို ပြောင်းပေးတာဖြစ်ပါတယ်။

ကွန်ပြူတာသုံးသူတိုင်း ဆောင်ထားသင့်ပါတယ်။ အဓိက အသုံးဝင်မှုကတော့ မျက်လုံးမထိခိုက်အောင် ကာကွယ်ပေးတဲ့ ဆော့ဝဲလ်ပါ။ ကျနော်လည်း အရမ်းကြိုက် လို့ ပြန်လည်မျှဝေပေးလိုက်တာပါ။ စမ်းသုံးချင် တယ် စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်မှာ ဝင်ဒေါင်းယူလိုက်ပါ။ ဖိုင်ဆိုဒ်ကလည်း သေးသေးလေးပါ။

အားလုံးအဆင်ပြေပါစေ.......။

Post a Comment

Previous Post Next Post

လတ်တလော အဖတ်များဆုံး စာမျက်နှာများ