Facebook က Auto Play တဲ့ Videos တွေကို ဖုန်းကနေ ဒေါင်းနည်း။



 အခုနောက်ပိုင်း ဖုန်းရဲ့ Facebook Application တွေက Video Auto Play ပြဿနာကြောင့် FB က Video တွေ ဒေါင်းဖို့ အခက်တွေ့ နေကြပါတယ်။ ဒီနေ့တော့ ဒေါင်းလို့ရတဲ့ နည်းတခု ပုံနဲ့ သေခြာ ကျနော်ရှင်းပြပေးပါမယ်။ နည်းပညာသမားတော်တော် များများ တော့ ဒီနည်းကို သိကြပါတယ်။ ပြီးတော့ နိုင်ငံခြားဆိုဒ် တွေနဲ့ ဆိုဒ်တော်တော်များများက ပုံနဲ့သေခြာရှင်းထားတာ နည်းတော့ လေ့လာမှုအားနည်း သူတွေအတွက် အခက်တွေ့နေကြလို့ ဒီနည်းလေးရေးတင်ပေးလိုက်တာပါ။

Facebook သုံးသူတိုင်း FB က ကိုယ်ကြိုက်တဲ့ Video တွေ့ရင်တော့ လူတိုင်း ဒေါင်းချင်ကြတာပါ။ အခုကျနော်ရှင်းပြသွားတဲ့ နည်းကတော့ တိုက်ရိုက် ဒေါင်းလို့တော့ မရပါဘူး။ ကိုဒေါင်းချင်တဲ့ Video တွေ့ရင် Comment တခုပေးလိုက်ပါ။ ပြီးရင်တော့ မိမိ Profille ထဲဝင်ပြီးတော့ Activity Log ကနေဝင်ပြီး စောစောက Comment ထားတဲ့ Video ကို လက်နဲ့ ထောက်လိုက်ရုံနဲ့ Download ကျလာမှာ ဖြစ်ပါတယ်။

အရင်ဆုံး Facebook က Video တွေကို ဒေါင်းဖို့ဆိုရင် ADM Download Manager ရှိထားရပါမယ်။ ADM က မိမိ ဖုန်းထဲမှာ မရှိသေးဘူးဆိုရင် ဒီလင့္မွာ ဒေါင်းပြီး ဖုန်းမှာ Install ထားပါ။ ပြီးရင်တော့ အောက်မှာ ပုံနှင့် တဆင့်ချင်း ရှင်းပြထားပါမယ်။

အရင်ဆုံး မိမိ ဒေါင်းချင်တဲ့ Video တွေ့ရင် နှစ်သက်ရာ Comment တခုပေးလိုက်ပါ။ အောက်က ပုံကို ကြည့်လိုက်ပါ။





နောက်တဆင့်က မိမိ Profile ကို ပြန်သွားလိုက်ပါ။


ပြီးရင် အ၀ိုင်းပြထားတဲ့ Activity Log ထဲကိုဝင်လိုက်ပါ။


ပုံမှာ ပြထားတဲ့ အတိုင်း ခုနက Comment ကိုတွေ့ရပါမယ်။ အဲတာကို လက်နဲ့ ထောက်လိုက်ပါ။


ပုံမှာပြထားတဲ့ အတိုင်း ဘောက်တခုတတ်လာပါမယ်။ ADM ကို ရွေးပေးလိုက်ရင် ကို ဒေါင်းချင်တဲ့ Video က ဒေါင်းနေပါပြီ။

ဒီလောက်ဆို အားလုံးသဘောပေါက်လိမ့်မယ်ထင်ပါတယ်။ ဒီနည်းနဲ့ Facebook Video တွေကို စိတ်ကြိုက် ဒေါင်းနိုင်ပါပြီ။

အားလုံးအဆင်ပြေပါစေ.......။

1 Comments

  1.ုADM download manager ကဆွဲမရဘူး အစ်​ကို

    ReplyDelete

Post a Comment

Previous Post Next Post