Android ဖုန်းနဲ့ ကာရာအိုကေ သီချင်းဆိုချင်သူများအတွက် ဆော့ဝဲလ် ကောင်း



ဖုန်းသမားတွေ မေးထားကြလို့ ဒီဆော့ဝဲလ် လေးတင်ပေးလိုက်တာပါ။ ဆိုဒ်တွေမှာ လိုက်ရှာ ရင်း ဆော့ဝဲလ် လမ်းညွှန် ဆိုဒ်မှာ တင်ထားတာတွေ့တာနဲ့ စမ်းသုံးကြည့်တာ အဆင်ပြေလို့ တင်ပေး လိုက်တာ ပါ။ အောက်မှာ ပုံနှင့်တကွ ပြထားပေးပါတယ်။ ဒီဆော့ဝဲလ် တခုထဲနဲ့ မိမိ ဆိုချင်တဲ့ သီချင်း MP3 ဖိုင်ကို ရွေးပြီး Vocal အသံကိုဖျောက် ပြီး မိမိ အသံနဲ့ အစားထိုး လို့ရပါတယ်။ ကျနော် သေခြာစမ်း သုံးကြည့်ပြီးပါပြီ။

Voacl အသံဖျောက်ပြီး Mic On နဲ့ Record On ပေးလိုက်ရင် သီချင်းဆိုပြီး MP3 ဖိုင်အသစ်နဲ့ SD Card ထဲမှာ Save လုပ်ပြီးသားဖြစ်သွားမှာပါ။ သီချင်း Quality ကျမသွားဘူးနော်။ မိမိ အသံကောင်း ရင်ကောင်း သလို ရှယ် ဖြစ်သွားမှာ။ စိတ်ဝင်စားရင် အောက်က ဆော့ဝဲကိုဒေါင်းပြီး ပြထားတဲ့ Screenshoots ကိုကြည့်ပြီး လိုက်ဆိုကြည့်ပါ။ သီချင်းဆို ဝါဒနာ ပါသူတွေအတွက် တကယ် ဖလန်းဖလန်း နော်။


ဆော့ဝဲကိုဖုန်းမှာ Install ပြီးရင် အောက်ကပုံမှာ ကြည့်လိုက်ပါ။


သီချင်းရွေးပြီး အောက်မှာ ကပုံကို ဆက်ကြည့်လိုက်ပါ။


အနီ ကောင်လေးကိုနိပ်ဝင်ပြီးရင် သီချင်းစဆိုဖို့ နေရာရောက်ပါပြီ အောက်ကပုံကို ကြည့်လိုက်ပါ။


 ကဲ ဒီလောက်ဆို အဆင်ပြေကြလိမ့်မယ်ထင်ပါတယ်။ ကျနော်ကိုယ်တိုင်လည်း စမ်းကြည့်ပြီးပြီး အိုကေ တယ်ဗျ အရမ်း မိုက်တယ်။

အားလုံးအဆင်ပြေပါစေ.......။

1 تعليقات

إرسال تعليق

أحدث أقدم

လတ်တလော အဖတ်များဆုံး စာမျက်နှာများ