Android ဖုန်းမှာ wallpaper ပုံတွေ အလိုလိုပြောင်းနေအောင် ဘယ်လိုလုပ်မလဲ

ဖုန်းမှာ ကိုယ့်စိတ်ကြိုက် wallpaper တွေ အရမ်းများနေလို့၊ ဘာတင်ထားရမှန်းမသိ ဖြစ်နေပါသလား။ Wallpaper တစ်ခုထဲမတင်ထားဘဲ၊ တစ်ခုပြီးတစ်ခု အလိုလိုပြောင်းနေအောင် လုပ်ထားကြည့်လိုက်ပါ။Android ဖုန်းမှာ wallpaper ပုံ အလိုလိုပြောင်းနေအောင်လုပ်လို့ရတဲ့နည်းတွေ အများကြီးရှိပေမယ့်၊ ဖုန်းတိုင်းမှာ သုံးလို့ရပြီး၊ အကုန်ုလုံးနဲ့လည်း အဆင်ပြေမယ့်နည်းလမ်းလေးတစ်ခုကို မျှဝေလိုက်ပါတယ်။ဒီအတွက် ပထမဦးဆုံး Wallpaper Changer ဆိုတဲ့ အက်ပလီကေးရှင်းလေး လိုပါမယ်။ Wallpaper Changer ဟာ app တွင်းဝယ်ယူမှုတွေပါရှိတာကြောင့် မြန်မာနိုင်ငံက download ဆွဲဖို့မဖြစ်နိုင်ပေမယ့်၊ ဒီနည်းလမ်းအတိုင်း ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။
(၁) Wallpaper Changer app ကို ဒေါင်းလုဒ်ဆွဲပြီးသွားရင်ဆိုရင်၊ ဖုန်းထဲ install လုပ်ပြီး၊ app ထဲ ဝင်လိုက်ပါ။
androidpit-wallpaper-changer-35-w782 
(၂) App ထဲ ဝင်လိုက်တာနဲ့၊ ဘယ်နှစ်မိနစ်နေရင် wallpaper အလိုလိုပြောင်းမလဲဆိုတာ အချိန်တစ်ခု သတ်မှတ်ခိုင်းပါလိမ့်မယ်။ “Change wallpaper every” နေရာကို အမှတ်ခြစ်ပြီး၊ ကိုယ်ပေးချင်တဲ့ အချိန်တစ်ခု ပေးထားလိုက်ပါ။ ၁၅ မိနစ်တစ်ခါ ဒါမှမဟုတ် ၁၀ မိနစ်တစ်ခါလောက်ဆို မဆိုးပါဘူး။
(၃) အောက်က “Change wallper on lockscreen unlock” ကတော့ ဖုန်း Lockscreen မှာပါ wallpaper လိုက်ပြောင်းသွားမှာဖြစ်ပါတယ်။
(၄) ဘေးက Albums အကွက်မှာတော့ အလိုအလျောက်ပြောင်းမယ့် wallpaper တွေကို အယ်ဘမ်တစ်ခုလုပ်ပြီး ထည့်ထားနိုင်ပါတယ်။ အပေါင်းလက္ခဏာပုံလေးကို နှိပ်ပြီး၊ ဖုန်းမှာ အလိုအလျောက်ပြောင်းသွားစေချင်တဲ့ပုံလေးတွေ ရွေးထားလိုက်ပါ။ Folder အလိုက်လည်း ထည့်လို့ရပါတယ်။ အခမဲ့ဗားရှင်းမှာတော့ အယ်ဘမ်တစ်ခုပဲ ရမှာဖြစ်ပြီး၊ ပရီမီယမ်မှာတော့ နောက်ထပ်အယ်ဘမ်တွေ အများအပြားဆောက်ထားနိုင်ပါတယ်။
(၅) Settings ထဲ ဝင်မယ်ဆိုရင် ဖုန်း Home Screen နဲ့ မဆံ့တဲ့ပုံတွေကို ဘယ်လိုပေါ်စေချင်လဲ မေးထားတာတွေ့ရပါလိမ့်မယ်။ Fill ပဲ လုပ်ထားလိုက်ပါ။ Fit ဆိုရင် ပုံကဘောင်နဲ့ နည်းနည်းသေးသွားပြီး၊ stretch ဆိုရင် ရှည်မျောမျောဖြစ်နေပါလိမ့်မယ်။

Ref: Android Pit
Credit-

Post a Comment

Previous Post Next Post

လတ်တလော အဖတ်များဆုံး စာမျက်နှာများ