Sim Card တစ်ကတ်ထဲဖုန်းကို ဖုန်းနံပါတ် ၂ ခု သုံးချင်သူတွေအတွက် နည်းလမ်းကောင်း။ ဆောဝဲမလို အင်တာနက်လိုင်းမလို ပိုက်ဆံမစားဘူး။ တကယ်အသုံးဝင်တာနော်။



ကျနော်တို့ဖုန်းထဲမှာ MPT Sim သုံးထားတယ်ပေါ့ဗျာ။ အဲတာ ဖုန်းကလည်း Sim တခုထဲသုံးလို့ရတယ် Telenor ကိုလည်းသုံးချင်တယ် အဲမှာ အခက်တွေ့ရောပေါ့။ ကဲဒါဆိုရင် အသုံးပြုလို့ရတဲ့နည်းလမ်း တွေ့ထားပါတယ်။ MPT ဖုန်းနံပါတ်ကို Telenor ထဲမှာ အဝင် Call လက်ခံလို့ရမယ်ဗျ။ အဲတာဆိုရင် Telenor Sim တခုထဲမှာ MPT ရော Telenor နံပါတ်ပါ နှစ်ခုလုံး အဝင်ခေါ်လက်ခံလို့ရပြီဗျ။ လုံး၀ Free နော် ကျနော် လက်တွေ့ စမ်းသပ်ပြီး သုံးနေပါတယ်။ ဒီနည်းကို MPT မူရင်း Page ကနေ တင်ထားတာတွေ့လို့ စမ်းကြည့်တာ အဆင်ပြေလို့ ပြန်မျှဝေပေးတာပါ။ Ooredoo သုံးသမားတွေလည်း ယခုနည်းအတိုင်းလုပ်လို့ရပါတယ်။ အတူတူပါပဲ။

မရှင်းမှာ စိုးလို့ အခုနည်းက MPT ဖုန်းနံပါတ်ကို Telenor/Ooredoo နံပါတ်ထဲမှာ အဝင် call လက်ခံလို့ရတဲ့နည်းနော်။ MPT Sim ကို ဖုန်းထဲကနေထုတ်ထားလည်း MPT ကို Call ရင် Telenor ထဲ ဝင်သွားမှာပါ။ အဲတာဆို Sim တကတ်ထဲဖုန်းက နံပါတ် ၂ ခုအဝင်လက်ခံလို့ရပြီပေါ့။ အရမ်းအသုံးဝင်တာနော် ကဲအောက်ကနည်းအတိုင်း လိုက်လုပ်ကြပါဗျာ အဆင်ပြေပါစေ။ ကျနော် ကိုယ်တိုင် စမ်းထားတာမို့ စိတ်ချလက်ချ ဒီနည်းကို သုံးနိုင်ပါတယ်။ ကဲ စမယ်ဗျာ ---

- အရင်ဆုံး MPT Sim Card ကို ဖုန်းထဲမှာထည့်ထားပါ။
- 1331ကို CF လို့ ရေးပြီး SMS ပို့ပါ။ ခနနေရင် SMS တခု ပြန်ဝင်လာပါမယ်။ အဲတာဆို စလို့ရပြီ။
- ကို့ရဲ့ MPT Sim မှာ ကိုသုံးချင်တဲ့ ကတ် Telenor/Ooredoo နံပတ်ကို *21*09×××××××××# လို့ရိုက်ပြီး Call နိပ်လိုက်ပါ။ ခနနေဆို Success ဖြစ်တဲ့ စာပြလာရင် အောင်မြင်ပါပြီ။ အဲတာဆို MPT Card ကို ထုတ်လိုက်လို့ရပြီ ခုနက ထည့်ထားတဲ့ နံပါတ် Telenor/Ooredoo Sim ကို ဖုန်းထဲ ထည့်လိုက်ပါ။ အဲတာဆို အားလုံး အဆင်ပြေပါပြီ။

MPT နံပါတ်ပဲခေါ်ခေါ် Telenor နံပါတ်ပဲခေါ်ခေါ် ကိုထည့်ထားတဲ့ Telenor Sim ထဲမှာပဲ Calling ဝင်လာမှာဖြစ်ပါတယ်။ အဲတာဆို Sim တခုထဲကို နံပါတ် ၂ ခုအဝင် Call လက်ခံလို့ရပါပြီ။ ကျနော် လက်တွေ့ စမ်းထားတာမို့ မဖြစ်နိုင်ဘူးဆိုတာမပြောပါနဲ့နော်။ အဆင်မပြေရင် ကျနော့်ဖုန်းနံပါတ် 09262690765 ကို ဖုန်းဆက်ပြီးမေးပါ။ ဖုန်းနဲ့ ရေးတင်တာမို့ ပုံနှင့်တကွ မပြနိုင်တာ ခွင့်လွှတ်ပါနော်။


မူလအတိုင်းမူလအတိုင်းပြန်သုံးချင်လို့ CF ကိုပြန်ပိတ်ချင်ရင် 1331 ကို CF OFF လို့ MPT မှာ SMS ပို့လိုက်ပါ နဂိုမူလအတိုင်းပြန်ဖြစ်သွားပါမယ်။ အခြားဘာ Setting မှ ချိန်းစရာမလိုပါဘူး။

အားလုံးအဆင်ပြေပါစေ




13 Comments

  1. တကတ်ပဲပြန်သုံးချင်ရင်ဘယ်လိုပြန်လုပ်ရလဲ. MPT sim card ကို အခြားသူပြန်သုံးချင်ရင် ဘယ်လို ပြန် ပီးလုပ်ရလဲသိချင်လိုပါ bro.... :)

    ReplyDelete
  2. ပြန်​ပိတ်​ချင်​ရင်​ CF OFF ကို 1331 သို့ sms ပြန်​ပို့ဆိုရပြီ ဘာ setting မှချိန်းစရာမလိုဘူး။

    ReplyDelete
  3. CF သုံးရင် mpt ကဘေဖြတ်လား

    ReplyDelete
  4. mptပဲထည့်​ပြီးနှစ်​ခုသုံးလို့ရမလားbro

    ReplyDelete
  5. မိတ်ဆွေခေါ်ဆိုသောဖုန်းနံပါတ်မှာနေတယ်တဲ့မရဘူးဗျ

    ReplyDelete
  6. ဘာမှားနေလဲတော့မသိဘူးလုပ်တာ ၅ခါလောက်ရှိနေပီရသေးဘူး

    ReplyDelete
  7. MPT နဲ့ပဲ ရတာလား ခင်​ဗျ ooredoo နဲ့ telenor တွဲသုံးလို့မရဘူးလားဗျ ooredoo ကဒ်​ပဲထည့်​ပြီး telenor နံပါတ်​ပါထည့်​သုံးချင်​တာပါ

    ReplyDelete
  8. SWE စရပြီး call forward free ဖြစ်သွားကတည်းက သုံးနေပါတယ်။ MPT ကနေ Telenor/Ooredoo number ကို လွှဲရင် လိုင်းဖုန်း ၀၁... ကခေါ်ရင် မရပါ အမြဲ busy ဖြစ်နေပါတယ်၊ တူသလားသိချင်ပါတယ်။ နယ်လိုင်းဖုန်းတွေက ခေါ်ရင်ကောရပါသလား ? စမ်းဘူးပါသလား ခင်ဗျား ?

    ReplyDelete
  9. တခြားmptနံပါတ်ကခေါ်ရင်မရဘူးဖြစ်နေတယ်ဘာဖြစ်လို့ လဲဖြေပေးပါ

    ReplyDelete
  10. အဝင်​ call ကို​ဘေဖြတ်​ပါတယ်

    ReplyDelete
  11. Mpt အချင်းချင်းဘဲ forward လုပ်လို့ရပီး Telenor နဲ့ Ooredoo ကို လုပ်မရပါ
    *21*09xxxxxxxxx# နဲ့ထည့်ရင် error msg ပဲ ပြေါ်နေတယ်
    ဘယ်လိုလုပ်လို့ရလဲ ပြောပေးပါဦး

    ReplyDelete
  12. telenor ကဒ် ထဲ mpt ထည့်နည်းလေပြောပြပါဗျာ

    ReplyDelete
  13. အဝင် call ဘေဖြတ်တယ်ဆိုတာ မိနစ်အလိုက်ဖြတ်နေတာလား

    ReplyDelete

Post a Comment

Previous Post Next Post