Phone နံပါတ်မလိုပဲ မြန်မာပြည်မှာ Phone နဲ့ Facebook အကောင့်ဖွင့်နည်း




 ဒီနည်းကတော့ မိမိတို့ Android ဖုန်းတွေမှာ Google System ပါမှအဆင်ပြေမယ်ဖြစ်ပါတယ်။
Facebook Account လုပ်နည်းတွေကတော့အမျိုးမျိုးပါပဲ... လွယ်တာတွေလည်းရှိသလို .. ရှုပ်တာတွေလည်းရှိပါတယ်.. အခုလည်း Android ကနေ  Facebook Account လုပ်နည်း တစ်မျိုးထပ်တွေ့လို့ တင်ပေးလိုက်ပါတယ်... အဆင်ပြေကြပါစေဗျာ...


တကယ်တော့ အကောင့်လုပ်တာမရဘူးဆိုတာက မြန်မာနိုင်ငံကနေလုပ်နေတယ်လို့ facebook ကယူဆတော့ ဖုန်းနံပါတ်နဲ့စစ်ဆေးတော့ မြန်မာကနေ လုပ်ရင်အဆင်မပြေဘူးဖြစ်နေတယ်၊ နိုင်ငံခြားမှာရှိတဲ့ သူငယ်ချင်းဖုန်းကို အကူအညီတောင်ပြန်တော့လည်း တစ်ခုခုဖြစ်တိုင်း မယုံကြည့်တဲ့အခါတိုင်း facebook က အဲဒီပထမဆုံးထည့်ထားတဲ့ ဖုန်းနံပါတ်ကို code ပို့ပေးပြီး စစ်ဆေးလေးရှိတယ် ဒီအတိုင်းလည်း သိပ်အဆင်မပြေဘူးလေ

      ပြဿနာရှိရင် ဖြေရှင်းနည်းလည်းရှိရမယ်လေ၊ အဲဒါကတော့ မြန်မာနိုင်ငံမဟုတ်ဘဲ တခြားနိုင်ငံကနေ လုပ်တာပါလို့  facebook ကို မျက်လှည့်ပြလိုက်ရုံဘဲလေ (သူက မြန်မာနိုင်ငံဆို သေချာစစ်တာကို)

အခုနည်းလုပ်ဖို့အတွက် (ဖုန်းကနေ Gmail အကောင့်လုပ်တာလွယ်တယ်ဆိုတာတော့ မိတ်ဆွေတိုင်းသိမယ်ထင်လို့ မပြောတော့ဘူးနော်)
 [Android ဖုန်းကနေ Gmail အကောင့် မဖွင့်တတ်သေးရင်  ဒီနေရာမှာ  မှာလေ့လာနိုင်ပါတယ်]

1. အရင်ဆုံး ကိုယ့်ဖုန်းထဲ့ကို ဒီဆောဖ်ဝဲနှစ်ခု ကို (1.EasyOvpn          2.OpenVPNConnect) ဒေါင်းပြီး ကိုယ့်ဖုန်းထဲ့ကို အင်စတော့လုပ်လိုက်ပါ
2. EasyOvpn ကိုဖွင့်လိုက်ရင် အောက်ကပုံအတိုင်း မြင်ရရင်
   အပေါ်ဆုံးက Japan ကိုရွေးလိုက်ပါ...





3. ဒါဆိုရင် အောက်ကပုံလေးမှာ ပါတဲ့အတိုင်း Accept ကိုနှိပ်ပါ








4.အောက်ကပုံလေးအတိုင်း connect ကိုနှိပ်လိုက်ပါ





5.၀ိုင်းပြထားတဲ့နေရာလေးမှာ အမှတ်ခြစ်ပေးပြီး  Ok ကိုနှိပ်လိုက်ပါ




6.ဒီဆင့်မှာ တကယ်လို့ချိတ်ဆက်လို့မရဘဲ error တစ်ခုခုတက်လာခဲ့ရင် အကွက်လေးထဲက ip ကိုပြောင်းပေးပြီး connect ကိုထပ်နှိပ်ပါ။



7.ဒါဆိုရင် အခုလို Japan IP ကိုလှမ်းချိတ်နေပါပြီ




8.အောက်ကပုံမှာလို ကျွန်တော်ဝိုင်းပြထားသလိုမျိုး sing ပြပြီးဆိုရင် facebook ကျွန်တော်တို့ကို japan      နိုင်ငံကနေ သုံးနေပြီ ထင်သွားပါပြီ။

9. အဲလိုဖြစ်သွားပြီးဆိုရင်တော့ ကြိုက်တဲ့ Browser ကနေ facebook ကိုဝင်ပြီး  Create New Account ကိုနှိပ်ပြီး ကြိုက်သလောက် လုပ်လို့ပါပြီး( ကျွန်တော်ကတော့ UC browser ကိုသုံးပါတယ်)



မှတ်ချက်။  facebook နာမည်တွေ ဖြည့်တဲ့အခါ  English နာမည်တွေပေးမှ ပိုအဆင်ပြေတယ် ခင်ဗျ ဥပမာ-Jon Smit လိုမျိုးပေါ့ နောက်ပြီး ကျောင်းတွေ တက္ကသိုလ်တွေဆိုရင်လည်း အစစာလုံးလေးတစ်လုံးရိုက်လိုက်တာနဲ့ သူရွေးပေးတဲ့ ဟာရွေးတာက ပိုအဆင်ပြေတယ် နောက်ပြီး တစ်ခါတည်း ဂျပန်က သူငယ်ချင်းလေး ငါးယောက်လည်း Add လိုက်အုံး၊ facebook pake လေးနှစ်ခုကိုလည်း Like လုပ်ပေးထားလိုက်အုံး အဲဒါဆိုရင်
တော်တော်ကို အဆင်ပြေသွားပြီခင်ဗျာ...
ကျေးဇူးတင်ပါတယ်..


အားလုံးအဆင်​​ပြေပါ​စေ။






Source :  http://readtohelp.blogspot.com/


Post a Comment

Previous Post Next Post