မိမိတို့ Android ဖုန်းထဲမှာရှိတဲ့ Youtube Video တွေကို အလွယ်ဒေါင်းနည်း။



ဒီနေ့တော့ သူငယ်ချင်းတွေကို Android ဖုန်း Youtube ကနေ Video တွေဒေါင်းနည်းကိုတင်ပေးပါမယ်။ ဒီနည်းက ဆောဝဲလေးတခု ဖုန်းမှာ Install ထားရုံလေးနဲ့ Youtube ထဲမှာပဲ Video တွေ တိုက်ရိုက် ဒေါင်းနိုင်မှာဖြစ်ပါတယ်။ တချို့တွေက ဒီနည်းလေးမသိလို့ Tubemate ဆောဝဲနဲ့ ဒေါင်းရပါတယ်။ Tube Mate မှာက ကြေငြာများလို့ စိတ်ညစ်စရာကြီး။

ကျနော်အခုတင်ထားတဲ့ဆောဝဲက Youtube က Video တခုထဲ ဒေါင်းလို့ရတာ တင်မဟုတ်ပါဘူး ။ MP3 အဖြစ်လည်းဒေါင်းလို့ရပါတယ်။ အောက်မှာ Youtube က Video တွေ ဒေါင်းပုံကို ပုံနှင့်တကွ တွဲတင်ပေးထားပါတယ်။ အားလုံး အဆင်ပြေပြေနဲ့ ဒေါင်းနိုင်ပါစေ။ နောက်ပြီး ဒီဆာဝဲ လေးက အခုနောက်ပိုင်းထွက်ထားတဲ့ Android ဖုန်းအားလုံးမှာ Support လုပ်ပါတယ်။

အရင်ဆုံး ဆောဝဲကိုဒေါင်းပြီးဖုန်းမှာ Install လုပ်ပါ။


ပြီးရင် မိမိ ဖုန်းထဲမှာရှိနေပြီသားဖြစ်တဲ့ Youtube ထဲကိုဝင်ပါ။
အရင်ဆုံး Youtube မှာ မိမိနှစ်သက်တဲ့ Video ကိုစဒေါင်းရင် ပုံမှာ အဝိုင်းပြထားတဲ့ Share Icon ကိုဝင်လိုက်ပါ။



ပြီးရင် အခုလို ဘောက်ကြီး တတ်လာရင် အောက်ဆုံးကိုဆွဲချပြီး ပုံက ပြထားတဲ့ Youtube Downloader ကို ရွေးပေးလိုက်ပါ။






ပြီးရင်တော့ ကိုဒေါင်းချင်တဲ့ Video ဖိုင်ဆိုဒ် နဲ့ Quality ကို စိတ်ကြိုက်ရွေးဒေါင်းနိုင်ပါပြီ။ MP3 လိုချင်လည်း ဒေါင်း လို့ရပါတယ်။




ဒီလောက်ဆို အားလုံးအဆင်ပြေပြေနဲ့ဒေါင်းနိုင်ပါပြီ။ အခုခုအဆင်မပြေတာရှိရင်လည်းပြော နိုင်ပါတယ်။
အားလုံးအဆင်ပြေပါစေ။



2 Comments

Post a Comment

Previous Post Next Post