ဖုန်း System တစ်ခုလုံးကို Backup and Restore ဆိုင်ရာ ဖုန်းမှာတင် အလွယ်တကူ လုပ်ယူနည်းအပြည့်အစုံ

မင်္ဂလာပါ
အမေးများလာတဲ့ ဆော့ဝဲတွေထဲမှာ တကယ့်တန်ဖိုးရှိမယ့်
အသုံးတည့် ဆော့ဝဲလေးတစ်ခုကို အားလုံးအတွက်တင်ပေးလိုက်ပါတယ်

ဒီဆော့ဝဲလေးကတော့ ဖုန်း crash ဖြစ်ပြီး ပျက်စီးဆုံးရှုံးသွားတဲ့
Text Message အားလုံးကို ပြန်လည် ရယူနိုင်တဲ့ အပြင်
အထူးသဖြင့် ဖုန်းတစ်လုံးကို Firmware အသစ်မတင်မှီ
ဖုန်းထဲမှာရှိတဲ့ Data အားလုံးကို Backup & Restore ပြုလုပ်ဖို့ရန်
အကောင်းဆုံးဆော့ဝဲဖြစ်ပါတယ်။

ကျနော်အထင်တော့ ဖုန်းအတွက် Backup လုပ်နိုင်တဲ့ ဆော့ဝဲတွေ
အများရှိကြတဲ့အနက် Play store Official ဆိုက်ထဲမှာတော့
ဒီဆော့ဝဲလေးဟာ သေးငယ်ပြီး ဖုန်းတိုင်းမှာ အသုံးပြု လို့ရတဲ့အတွက်
အားလုံးထက် ပိုကောင်းတယ်လို့ ထင်ပါတယ်။

ဖုန်းမှာ Backu လုပ်နည်း
==============
 ဖုန်းတစ်လုံးကို Backup & Restore မလုပ်မှီလေး
သူ့အတွက် သက်ဆိုင်တဲ့ Apk လေးရဲ့ Feature လေးတွေကိုတော့
သိထားတာက ပိုကောင်းတာပေါ့ ဒီဆော့ဝဲလေးရဲ့
Feature လေးတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

MS Backup & Restore Features
===============
    Backup SMS messages in XML format.
    Automatic scheduled backups – Automatically backup text messages.
    View backup contents on the phone.
    Option to backup selected conversations.
    Email a backup file.
    Delete all SMS messages on the phone.

၁။ Feature လေးတွေကို သိပြီးပြီဆိုရင်တော့
Apk လေးကို အရင်ဆုံး ဒေါင်းလော့ရယူလိုက်ပါ။
ပြီးရင် ဖုန်းမှာ Install လုပ်လိုက်ပါ။

Download Here

OR

Download Here

၂။ Apk လေးကို ဖွင့်လိုက်ပါ။


၃။ မိမိဖုန်းကို Backup လုပ်လိုတယ်ဆိုရင်တော့
Backup button လေးကို နှိပ်လိုက်ပါ၊


 ၄။ အောက်ကပုံအတိုင်းပေါ်လာခဲ့ရင်တော့
Enter a Name ဆိုတဲ့ စာတန်းရဲ့ အောက်မှာ
မိမိဖုန်းထဲမှာ Backup လုပ်လိုတဲ့ File နာမည်ကို
 ရေးထည့်ပေးရမှာဖြစ်ပါတယ် အားလုံး ပြီးရင်းသွားရင်တော့
 OK ဆိုတာကိုနှိပ်ပေးလိုက်ပါ။
 

၅။ OK ကိုနှိပ်လိုက်ပြီးတဲ့ အောက်ကပုံလေးကို
ကြည့်လိုက်ပါ မိမိ Backup လုပ်လိုက်တဲ့ ဖိုင်တစ်ခုလုံးကို
 Backup စတင်အလုပ်လုပ်နေတာဖြစ်ပါတယ်။
ခနလေးစောင့်နေပေးလိုက်ပါ။


၆။ မိနစ်အနည်းငယ်ကြာပြီးလို့
Backup လုပ်ခြင်းကိစ္စ အောင်မြင်ပြီးစီးကြောင်း
အောက်ကပုံအတိုင်း ပြပေးနေပါလိမ့်မယ်။


 ဖုန်းကို Restore လုပ်နည်း
=============
Restore လုပ်နည်းလည်း Apk လေးကိုပဲ အသုံးပြုမှာဖြစ်တဲ့
အတွက် ဖုန်းမှာတင် အလွယ်တကူ Restore လုပ်ယူမှာဖြစ်ပါတယ်။
သိပ်မခက်ခဲတော့ပါ အောက်မှာ ပုံလေးတွေနဲ့ တကွ လေ့လာကြည့်လိုက်ပါ

၁။ Apk လေးကို ဖွင့်လိုက်ပါ။


၂။ မိမိဖုန်းကို Restore လုပ်မှာဖြစ်တဲ့အတွက်
Restore button လေးကို နှိပ်လိုက်ပါ။


၃။  အောက်ကပုံအတိုင်းပေါ်လာခဲ့ရင်တော့
Enter a Name ဆိုတဲ့ စာတန်းရဲ့ အောက်မှာ
မိမိဖုန်းထဲမှာ Backup လုပ်လိုတဲ့ File နာမည်ကို
 ရေးထည့်ပေးရမှာဖြစ်ပါတယ် အားလုံး ပြီးရင်းသွားရင်တော့
 OK ဆိုတာကိုနှိပ်ပေးလိုက်ပါ။



၎။ OK ကိုနှိပ်လိုက်ပြီးတဲ့အခါ အောက်ကပုံလေးကို
ကြည့်လိုက်ပါ မိမိ Restore လုပ်လိုက်တဲ့ ဖိုင်တစ်ခုလုံးကို
Restore လုပ်နေပါလိမ့်မယ်။ ခနလေးစောင့်နေပေးလိုက်ပါ။

၅။ မိနစ်အနည်းငယ်ကြာပြီးလို့
Restore လုပ်ခြင်းကိစ္စ အောင်မြင်ပြီးစီးကြောင်း
အောက်ကပုံအတိုင်း ပြပေးနေပါလိမ့်မယ်။
OK လေးကို နှိပ်ပေးလိုက်ပါ။


 တစ်ခြားသော ဖုန်းတစ်ခုလုံးကို Factory Reset ချပြီးတဲ့ 
ဖုန်းတစ်လုံးမှ ဓာတ်ပုံများနဲ့ အရေးကြီးတဲ့ Data များကို
 ပြန်လည်ရယူနည်းကိုတော့ အောက်ကလင့်မှာ ၀င်ဖတ်ကြည့်ပေးပါ။

Factory Reset ချပြီးတဲ့ ဖုန်းတစ်လုံးမှ ဓာတ်ပုံများနဲ့ အရေးကြီးတဲ့ Data များကို ပြန်လည်ရယူနည်း

အားလုံးပဲ အဆင်ပြေကြလိမ့်မယိလို့မျှော်လင့်ပါတယ်
အားလုံးအတွက် ကျနော် ကြိုးစားနေပါဦးမည်

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)

Post a Comment

Previous Post Next Post

လတ်တလော အဖတ်များဆုံး စာမျက်နှာများ