Mozilla Firefox မှ Website တွေဝင်ရင် ကြောငြာ ကို Block နည်းပါ။ (Web Page တွေကို တချက်ကလစ်လိုက်ရင် ကြေငြာ ၃ခု ၄ခု တတ်လာတာကို ပိတ်နည်းပါ။)


ကျနော်တို့ Website တွေဝင်ရင် တချို့ နိုင်ငံခြား ဆိုဒ်တွေမှာ Web Page ကို တချက် ကလစ်လိုက်ရင် Website ၃ခု ၄ခု အထိ ကြေငြာတွေက တတ်လာလို့ အာရုံ နောက်ရ ပါတယ်။ အဲတာတွေကို တတ်မလာအောင် ကြေငြာတွေကို Block လုပ်နည်းပဲဖြစ်ပါတယ်။ တော်တော်များတော့ သိပြီးသား ထင်ပါတယ်။ အခုနည်းလမ်းကို အသုံးပြုခြင်းအားဖြစ် Internet Speed နှေးမသွားပါဘူး။ စိတ်ညစ်တာ ကြေငြာ Web Page တွေ တတ်မလာတော့ အာရုံနောက်သက်သာတာပေါ့။ စိတ်ဝင်စား ရင် အောက်မှာ ပုံနှင့် တကွပြထားပါတယ်။ လိုက်လုပ်ကြည့်ပါ။

အရင်ဆုံး မိမိအသုံးပြုနေတဲ့ Mozilla Firefox မှ Tool / Add-Ons ကိုဝင်လိုက်ပါ။


ပြီးရင် Ddd-Ons Page တတ်လာပါမယ်။ အောက်ကပုံကို ဆက်ကြည့်လိုက်ပါ။ Search နေရာမှာ Adblock Edge ရိုက်ပြီး Enter ခေါက်လိုက်ပါ။ ပုံမှာပြထားတဲ့ အတိုင်း Adblock တတ်လာရင် ညာဘက်က မြားပြ ထားတဲ့  Install ကို နိပ်လိုက်ပါ။


ပုံကစာကို သေခြာမမြင်ရင် မောက်နဲ့ ကလစ်ပြီး ချဲ့ ကြည့်လိုက်ပါ။ Install ကိုနိပ်ပြီး ရင် Add-ons က Download တတ်နေပါပြီ။ ပြည့်ရင် Mozilla Firefox ကို (Restart) ပိတ်ပြီးပြန်ဖွင့်လိုက်ပါ။ အဲတာပြီးရင်တော့ မိမိ သွင်းထားတဲ့ Adblock Edge က ကောင်းကောင်းအလုပ်လုပ်ပါပြီ။ ဘယ် Web Page ဝင်ဝင် အာရုံနောက် စရာ ကြေငြာတွေ တတ်မလာတော့ပါဘူး။ ဒီလောက်ဆို အားလုံး လုပ်တတ်လောက်မယ်လို့ ထင်ပါတယ်။


အားလုံးအဆင်ပြေပါစေ.......။

Post a Comment

Previous Post Next Post