Facebook က သင့် အကောင့်ကို Lock ချခြင်း Block ရခြင်း အကြောင်း များ ကို ဒီပိုစ့် မှာ အသေခြာ ရှင်းပြထားပါတယ်။

    

    ဒီပိုစ်ကို Facebook သုံးသူတိုင်း ဖတ်သင့်ပါတယ်။ အဓိက ကတော့ အခုလက်ရှိ အသစ်ဖွင့်ထားတဲ့ အကောင့်တွေကို ရည်ညွှန်းထားတာပါ။ အကောင့် အဟောင်းတွေကတော့ ဒီအချက်တွေ သိပ်လိုက်နာစရာ မလိုပါဘူး။ Facebook အသစ်ဖွင့်ပြီး ၃ရက် ၄ရက်လောက် နဲ့ လော့ကျတာတွေ ဖြစ်နေကြလို့ ဒီပိုစ်လေး ကိုဖတ်ပြီး ဆင်ခြင်နိုင်တာ ဆင်ခြင်နိုင်အောင် တားမြစ်ထားတာတွေကို ရှောင်နိုင်အောင် တင်ပေး လိုက်တာပါ။

    အခု တင်ထားတဲ့ ပိုစ် ကစာကိုပဲ အကောင့်အသစ်သမားတွေ နိုင်သလောက် လိုက်နာနိုင်ရင်တော့ ၉၀% Lock ကျခြင်း Block ရခြင်း မှ ကင်းဝေးနိုင်ပါတယ်။ အောင်ခမ်း (TSJ team) မှ ရေးထားပေးတဲ့ ပိုစ်လေးပါ။ လိုအပ်တာတွေ ကို ကျနော် ထပ်ဖြည့်ထားပါတယ်။ မူရင်းမှ စာကို နဲနဲ ပြန်လည်ပြုပြင်ထား ပါတယ်။ Facebook သုံးနေသူတိုင်း ဖတ်သင့်တဲ့ ပိုစ်လေးပါ။ အောက်မှာ အပြည့်စုံ ဖတ်နိုင်ပါပြီ။

Facebook က သင့်ကို  Lock ချခြင်း Block ရခြင်း အကြောင်း များ.........
===========================
- Friend အသားကုန် Add ခြင်း
------------------------------
Friend ဇွတ် Add ရင်လည်း Facebook က သူငယ်ချင်း Add ခွင့်ကို ရက်အတော်ကြာကြာ ပိတ်ပါတယ်။ နောက် မထင်ရင် မထင်ရင် သလို Message ပို့ခွင့်ပါ ရောယောင် ပိတ်ပါတယ်။

- Message ဇွတ်ပို့ခြင်း
-----------------------
အပေါ်က ပြောတဲ့အထဲကလိုပဲ ပိတ်တတ်သလို၊ Page တွေ၊ မသိတဲ့ သူတွေ ဆီကို စာဇွတ်ပို့ရင်လည်း Facebook က စာပို့ခွင့်ကိုပါ Block လုပ်ပါတယ်။ ဒါကြောင့် Friend ဖြစ်ပြီးသား Like ပြီးသား Page တွေမှသာ စာပို့ တာစိတ်ချရပါတယ်။

- Like ဇွတ်လုပ်ခြင်း
---------------------
ဒါက ဒီနောက်ပိုင်းက Facebook က ချမှတ်တဲ့ ပေါ်လစီထင်တယ်။ သူငယ်ချင်း တွေထဲမှာ တကယ်ပဲ Like လုပ်လို့ မရအောင် အပိတ်ခံရတာကို လက်တွေ့ မြင်လိုက်ရပါတယ်။ သူတို့က အသားကုန် Like လုပ်ကြတယ်လေ။ ဒါကြောင့် Like ကိုလည်း ပိတ်ပါတယ်တဲ့။ ဒါကြောင့် Like သင့်တာပဲ Like တာကောင်းပါတယ်။ ဒီအချက်ကတော့ အသစ်ဖွင့်ထားတဲ့ အကောင့်တွေမှပါ။ အကောင့်အဟောင်းက မဖြစ်ပါဘူး။

- Group အများအပြား ဝင်ခြင်း
-------------------------------
User တစ်ယောက်ကို Group အခု ၂၀၀ ပဲ ဝင်ခွင့်ပေးပါတယ်တဲ့။ အဲဒါ မိုင်ကုန်ပါ။ အချို့က အဲ့ဒီ မိုင်ကုန်ကို ကုန်အောင် ဝင်ကြပါတယ်။ ဟိုထဲလည်းပါ၊ ဒီထဲလည်းပါ ဆိုတော့ အကောင့် Log in တောင် တစ်ခါတစ်လေ ကျ ကွိုင်တတ်ပါတယ်တဲ့။

- နာမည်ရင်း အသုံးမပြုခြင်း
----------------------------
ဒါက ဒီလိုရှိပါတယ်။ ကိုယ်ရဲ့ IP တစ်ခု၊ အီးမေးလ်တစ်ခု ကနေ သွားတဲ့ နေရာတိုင်းမှာ အသုံးပြုတဲ့ User name ကို Track လုပ်ပါတယ်တဲ့။ ဒီအီးမေးလ်နဲ့ပဲ အခြား social network အမျိုးအစား တစ်ခုမှာ နာမည်တစ်မျိုး Facebook မှာ နာမည်တစ်မျိုးနဲ့ ဝင်တာမျိုးကို လက်မခံ ပါဘူးတဲ့။ ပုံသေတော့ မဟုတ်ပါဘူး။ နောက်တော့ ဘယ်လိုလာမလဲ မသိပါဘူး။

- Friend များလွန်းခြင်း
------------------------
Friend များလွန်းအားကြီးရင်လည်း ဖြစ်တတ်ပါတယ်တဲ့။ လက်ရှိ အသစ်ဖွင့်ထားတဲ့ အကောင့်တွေဖြစ်များပါတယ်။ ဒါကြောင့် သူများ အက်လာတာပဲ လက်ခံပါ။ ကိုအက်သွားရင် တနေ့ကို ၃ယောက်ထက် ပိုအက်ခွင့်မရှိပါဘူး။ ၃နှစ် ၄ နှစ်လောက်သုံးထားပြီးတဲ့အကောင့်ကတော့ ဒီအချက်ကို စိတ်ပူစရာမလိုပါဘူး။ User အဟောင်းဖြစ်တဲ့အတွက် ပါ။

- နေရာ ပြောင်းသုံးလွန်းခြင်း
-----------------------------
ဒါကတော့ တကယ်လက်တွေ့ကို ကြုံနေရပါတယ်။ Facebook တင်မကပဲ G Talk တို့လို ဟာတွေလည်း ထိုနည်းတူစွာပါ။ မနေ့က ရန်ကုန် မှာ သုံးတယ်။ နောက်နေ့ စင်္ကာပူရောက်တော့ စင်္ကာပူမှာသုံးတယ်ဆိုရင် Facebook က အကောင့်ကို ကြိမ်းသေပိတ်ပါတယ်။ ပေးလာတဲ့ အကြောင်း ပြချက်က သင်ဟာ ဒီအကောင့် သုံးတဲ့သူ တကယ် ဟုတ်ရဲ့ လား တဲ့။ ပြီးတော့ Security Question တွေ ဇွတ်မေးတော့တာပဲ။ IP Address က ရန်ကုန်နဲ့ စင်္ကာပူ တူမှမတူတာကိုး။ fb အနေနဲ့ ဒီလို layer တစ်ခု ခံပေးထားတဲ့အပေါ် တော်တော်များများ ကွန်ပလိန့် မတက်ပါဘူး။

ဒီမှာ ကိုယ် အကြည့်များ၊အတွေ့များ၊ စကားအပြောများ၊ Like များ၊ comment များတဲ့ သူတွေရဲ့ ဓာတ်ပုံကိုရွေးခိုင်းတာမျိုးပါ။ ကိုယ့်အနေနဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်အားလို့ ဘယ်သူ့ကိုမှ မကြည့်ပါဘူးဆိုရင်တော့ အကောင့်ရဖို့က ခက်ခဲသွားပါမယ်။ အထူးသဖြင့် Friend များတဲ့ သူတွေ သတိပြုဖို့ပါ။

- Device ပြောင်းသုံးလွန်းခြင်း
------------------------------
ဒီနေ့ အင်တာနက်ဆိုင် တစ်ခုမှာ Windows XP စက်တစ်လုံးနဲ့ သုံးလိုက်တယ်။ ညနေလည်း ရောက်ရော အိမ်က Windows 7 နဲ့ ဖွင့်ပြီဆိုရင် သူကပြောပါပြီ။ သင့်အကောင့်ကို windows XP နဲ့ ရန်ကုန်မှာ ဘယ်သူသုံးသွားပါတယ်ဆိုတာမျိုးပေ့ါ။ ခဏခဏ အပြင်ထွက်သုံးဖြစ်တဲ့ သူတွေကိုတော့ မမေးပါဘူး။ အလေ့အထ မရှိတဲ့ အကောင့်တွေကိုဆိုရင် ဒီလိုပဲ ဖြဲခြောက်ပါတယ်။

- Poke လုပ်လွန်းခြင်း
-----------------------
Poke အဓိပ္ပါယ်ရှင်းဖူးပြီးသွားပြီနော်။ မသိတဲ့ သူတွေ တစ်ယောက်နဲ့ တစ်ယောက် ခင်မင်မှုရအောင် အပျော်ဆော့လို့ရအောင် Poke ကို ထည့်ထားပေးတာလေ။ သို့သော် ဇွတ် Poke လွန်းရင် အကောင့်ကို ပိတ်ပါတယ်။ မြန်မာပြည်မှာတော့ လုပ်တဲ့သူ နည်းပါတယ်။

- Link များ ရှဲလွန်းခြင်း
------------------------
ဒါလည်း လက်တွေ့ကြုံရပါတယ်။ အကောင့်အသစ်မှာ အထူး သတိပြုရမှာဖြစ်ပါတယ်။ ညစ်ညမ်းတဲ့ ပိုစ်တွေ ပုံတွေ ကို လုပ်မိရင်တော့ ဖြစ်တတ်ပါတယ်။

- အသက် ၁၈ နှစ်မပြည့်သေးရင်
--------------------------------
ဒါလည်း ဖြစ်တတ်ပါတယ်တဲ့။ အမှန်တော့ Facebook က အသက် ၁၈ မပြည့်လည်း သုံးလို့ရပါတယ်။ Under 13 အပေါ်မှာသာ အတားအဆီးတွေ ထားတာပါ။ သို့ပေမယ့် ၁၈ နှစ်အောက်တဲ့သူတွေလည်း သတိထားတဲ့။

- Report အလုပ်ခံရများရင်
----------------------------
ဒါကတော့ တော်တော်များများသိပါတယ်။ Account report အလုပ်ခံရ တာတို့၊ ဓာတ်ပုံ Report အလုပ်ခံရတာတို့၊ comment report အလုပ်ခံ ရတာတို့ အကြိမ်အရေအတွက် များလာရင် အကောင့်ကို Facebook က Block ဖို့ ကြိမ်းသေနေပါပြီ။ ဒီတော့ Security Question တွေ ဆက် တိုက် ဖြေရတော့မှာပေါ့။ ဒါတောင် ရက်တွက်ပြီး စောင့်ရပါသေးတယ်။

- အခြားအကြောင်းအရာများ
-----------------------------
အတော်လေးများတယ်ဗျ။ သို့သော် အပေါ်ကဟာလေးတွေလောက် သိရင် လုံလောက်ပါတယ်။ တကယ့် အီးမေးလ်အသုံးမပြုတာတို့၊ Browser တစ်ခုထဲမှာပဲ ဒီအကောင့် ချက်ချင်းထွက် နောက်အကောင့် တစ်ခု ချက်ချင်းဝင်တာမျိုးတို့လည်း ကွိုင်တတ် တတ်ပါတယ်။ ဒီလောက်ဆို တော်ပါပြီ။
အားလုံး Facebook အကောင့် အပိတ်မခံရအောင် သိတာလေး မျှဝေ လိုက်ရပါတယ်။

Credit to:အောင်ခမ်း (TSJ team)

အားလုံးအဆင်ပြေပါစေ.......။

Post a Comment

Previous Post Next Post

လတ်တလော အဖတ်များဆုံး စာမျက်နှာများ