ကွန်ပြူတာ Dasktop နဲ့ Folder Icon တွေမှာ မြန်မာလို မပေါ် တဲ့ သူများ ဒီနည်းလေးကို ကြည့်လိုက်ပါ။ (For Window 7)

ပုံမှာ ပြထားတဲ့ အတိုင်း မြန်မာလိုရေးထားတဲ့ Icon က စာတွေ က မြန်မာလိုမပေါ်ပဲ အတုံးတွေ  ပေါ်နေ တဲ့ သူငယ်ချင်းများအတွက်, ကွန်ပြူတာကို အခုမှ စလေ့လာတဲ့ သူငယ်ချင်းများ မသိသေးတဲ့ သူငယ်ချင်း များ အတွက် ဒီနည်းလေးကို ကျနော်ပြန်လည် ရေးသားပေးလိုက်ပါတယ်။

အခုရေးထားတဲ့ နည်းက Window 7 အတွက်ဖြစ်ပါတယ်။ အောက်မှာ ပုံနှင့်တကွ တဆင့်ချင်း ပြထားပေး ပါတယ်။ မသိသေးသော သူငယ်ချင်းများ ပုံနှင့်စာကို သေခြာကြည့်ပြီး လိုက်လုပ်လိုက်ပါ။ အားလုံး မြန်မာ လို မှန်ကန်စွာ မြင်နိုင်မှာ ဖြစ်ပါတယ်။

အရင်ဆုံး ကွန်ပြူတာ Dasktop နေရာလွတ် တနေရာမှာ Right Click ထောက်လိုက်ပါ။ ပြီးရင် Personalize ကို ဝင်လိုက်ပါ။ အောက်ကပုံကိုကြည့်လိုက်ပါ။

ပြီးရင် Window Colour ကိုဝင်မယ်။ အောက်ကပုံကို ဆက်ကြည့်လိုက်ပါ။


ပြီးရင် Advanced appearance setting ကို ကလစ်မယ်။


ပြီးရင် ဘောက်တခုတတ်လာပါတယ်။ အဲထဲက Item နေရာမှာ Icon ကိုပြောင်းပေးလိုက်ပါ။ ပြောင်းပြီးရင် Font နေရာမှာ Zawgyi-One ကိုပြောင်းပေးလိုက်ပါ။ အောက်ကပုံကိုကြည့်လိုက်ပါ။


ပြီးရင် Apply နဲ့ OK ကို နှိပ်ပြီး Save Change ကို နှိပ်လိုက်ပါ။ အဲတာပြီးရင်တော့ မိမိတို့ ကွန်ပြူတာ Dasktop နဲ့ Folder Icon တွေမှာ မြန်မာလို ကောင့်စွာ မြင်နိုင်ပါပြီ။


 
ဒီလောက်ဆို အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်။ အခုမှ ကွန်ပြူတာစသုံးတဲ့ သူငယ်ချင်းတော်တော် များများအတွက် ဒီနည်းလေးကို သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ရေးတင်ပေးလိုက်တာပါ။
 
အားလုံးအဆင်ပြေပါစေ.......။

1 Comments

  1. window 8.1 မွာဘယ္လိုလုပ္ရလဲ အကို

    ReplyDelete

Post a Comment

Previous Post Next Post

လတ်တလော အဖတ်များဆုံး စာမျက်နှာများ